Home
မြန်မာသတင်း
ဗန်းမော်တွင် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း၂၇၀ ကျော်ဖိုး ဖမ်းမိ
DVB
·
February 18, 2018
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့လယ်ပိုင်းက အမျိုးသား ၂ ဦးဆီက ကျပ်သိန်း ၂၇၀ ကျော် တန်ဖိုးရှိ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်မှုခင်း အကူဌာနစိတ်မှ ရဲအုပ်ထွန်းထွန်းဝင်းက ပြောပါတယ်။ သိမ်းဆည်းရမိပုံမှာ ပြည်နယ်မှုခင်းအကူဌာနစိတ်မှ ရဲအုပ်ထွန်းထွန်းဝင်း ဒုရဲအုပ်ဒိုင်ဒေါင်၊ ဒုတပ်ကြပ် စိုးလင်းထိုက်၊ ခရိုင်မူခင်းနှိမ်နှင်းရေးမှ တပ်ကြပ်ကြီးအောင်ထွန်းလင်းနဲ့အဖွဲ့ဟာ မူးယစ်သတင်းအရ နန်းသီတာမီးပွိုင့် လမ်းဆုံအနီး မြစ်ဆုံတည်းခိုခန်းရှေ့လမ်းမှာ စောင့်ဆိုင်းနေစဉ် သောင်းထွန်းမောင်းနှင်ပြီး ကျော်ဆန်းလိုက်ပါလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ WY စာတန်းပါ ပန်းရောင် ဆေးပြား တထုပ်လျှင် ၁၉၈ ပြားပါ၊ ၆၉ ထုပ် စုစုပါင်းဆေးပြား ၁၃၆၆၂ ပြား၊ ၂၇ ၃၂၄ ၀၀၀ ကျပ်ဖိုး ရှာဖွေသိမ်းဆည်း ရမိခဲ့တယ်လို့သိရပါတယ်။ မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ ရွှေကူမြို့နေ ကျော်ဆန်းနှင့် သောင်းထွန်း တို့ကို ရဲအုပ်ထွန်းထွန်းဝင်းက တရားလိုပြုကာ ဗန်းမော်ရဲစခန်းက မယ(ပ)၃၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူထားကြောင်းသိရပါတယ်။ “ဗန်းမော်မှာ မူးယစ်ဆေးဝါးတွေ မိတယ်။ သုံးစွဲသူတွေလည်း ရှိတယ်။ ဒါပေမယ့် တခြားမြို့မှာတွေလို ရိုက်သတ်လုယက်တာတွေတော့ သိပ်မရှိပါဘူး”လို့ ဗန်းမော်မြို့မိမြို့ဖ တဦးကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024