ကလေးမြို့တွင် ကားတစီးနှင့်ကြိုး ချိတ်မိ၍ ဖုန်းကြိုးတိုင် ၁၉ တိုင် လဲကျမှုဖြစ်

ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက ကလေးမြို့ ဗိုလ်ချုပ်လမ်းဘေးမှာရှိတဲ့ ဖုန်းကြိုးတိုင် ၁၉ တိုင်ဟာ လမ်းမပေါ် လဲကျခဲ့တယ်လို့ ကလေးခရိုင်ရဲတပ်ဖွဲ့ ရဲအုပ်လွင်မောင်ကျော်က ပြောပါတယ်။ “တိုင်တွေလဲတာက အက်ဆီးဒင့်ကြောင့်ပါ။ လမ်းကြားကနေ လမ်းမပေါ်တက်လာတဲ့ ကားနောက်အပိတ် အပေါ်ချိတ်နဲ့ ဖုန်းကြိုးငြိပြီး ချိတ်ပါပြီး ကားကလည်း မသိဘဲ မောင်းတာကနေ တိုင်တွေ လမ်းပေါ် လဲကျကုန်တာ” လို့ ရဲအုပ်လွင်မောင်ကျော်က ပြောပါတယ်။ ဖုန်းလိုင်းကြိုးတွေနဲ့ ချိန်မိခဲ့တဲ့ကားကတော့ ကလေးဝ မော်လိုက်အကြား ပလူဇာဝမှာ ကျောက်မီးသွေးထုတ်နေတဲ့ ရွှေတောင်ကျောက်မီးသွေးကုမ္ပဏီက လုပ်ငန်းအသုံးပြုယာဉ်လည်း ဖြစ်ပါတယ်။ “စုစုပေါင်း ဖုန်းလိုင်းကြိုး ကေဘယ်လ် ၆ ချောင်းနဲ့ တွဲကိုးလ်း လို့ခေါ်တဲ့ ကြိုး ၅ ချောင်း တစ်ချောင်းကို ၁၃၀၀ မီတာခန့်လောက် ပျက်စီးတယ်။ တိုင် ၁၉ တိုင်လဲကျတဲ့အပြင် ၄ တိုင်လဲ ယိုင်သွားတယ်"လို့ မြန်မာ့ဆက်သွယ်ရေး ကလေးမြို့ လက်ထောက်ကြီးကြပ်ရေးမှူး ဦးမောင်မောင်အေးက ပြောပါတယ်။ ‌အခုလို ဖုန်းတိုင်နဲ့ လိုင်းကြိုးတွေ ပျက်စီးခဲ့တာကြောင့် ကလေးမြို့ ပင်လုံရပ်ကွက် ချမ်းမြေ့အောင်စည်ရပ်ကွက် သဇင်ရပ်ကွက်နဲ့ နတ်ကြီးကုန်းရွာ လက်ပံချောင်းရွာနဲ့ အောင်မြင်သာကျေးရွာ တွေမှာ ကြိုးဖုန်းနဲ့ MPT မိုဘိုင်းဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှာဖြစ်ပြီး ယာဉ်မောင်းသူကိုလည်း မြန်မာ့ဆက်သွယ်ရေးက အမှုဖွင့် တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ ‌မင်းရဲစစ်နိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up