ဂျာမနီ မြူးနစ်ခ်ျ လုံခြုံရေးညီလာခံကို လူ နှစ်ထောင်ကျော် ဆန္ဒပြ

1K
ဂျာမနီနိုင်ငံ မြူးနစ်မြို့က နှစ်စဉ်ကျင်းပနေကျ မြူးနစ်ခ်ျ လုံခြုံရေး ညီလာခံကို လူအယောက် ၂ ထောင်လောက် ဖေဖော်ဝါရီ ၁၇ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ဒီညီလာခံဟာ နောက်ဖေးပေါက်ကနေ လက်နက် ရောင်းဝယ်နေတာလို့လည်း သူတို့က စွပ်စွဲခဲ့ကြပါတယ်။
ညီလာခံ ကျင်းပရာ ဟိုတယ်ပတ်လည်ကို လူချင်း လက်ချင်း ချိတ်ဆက်ပုံဖော်ဖို့ စီစဉ် ကြိုးစားခဲ့ပေမယ့် နှင်းတွေ ကျလာလို့ အစီအစဉ်ကို ဖျက်ခဲ့ရပါတယ်။
“ငြိမ်းချမ်းရေးဆိုတာ လက်နက်အရောင်းအဝယ် လျှော့ချနေတာ မဟုတ်သလို လက်နက်တွေ စုပုံ သိုလှောင်ထားတာကို ခေါ်တာလည်း မဟုတ်ဘူး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဆန္ဒပြသူတွေက စုရုံးခဲ့တာပါ။
နိုင်ငံရေးသမားတွေရဲ့ အလုပ်က ငြိမ်းချမ်းရေးရတာ သေချာစေဖို့ ဖြစ်သင့်တယ်၊ ခုတော့ ဒီညီလာခံမှာ စစ်အတွက် အလုပ်လုပ်နေတယ်လို့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။
ကာဒစ်ရှ် ဆန္ဒပြသူတွေလည်း ချီတက်ပွဲကို ပူးပေါင်းခဲ့ပြီး ဒေသစံတော်ချိန် ညနေ ငါးနာရီမှာ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ခဲ့ပါတယ်။