ဂါဇာ နယ်စပ်ခြံစည်းရိုးအနီး ဗုံးပေါက်ကွဲ၊ အစ္စရေးစစ်သား ၄ ဦး ဒဏ်ရာရ

882
ဂါဇာကမ်းမြှောင်ဒေသ နယ်စပ် ခြံစည်းရိုးအနီးမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တာကြောင့် အစ္စရေးစစ်သား ၄ ဦး ဒဏ်ရာရပြီး ၂ ဦးဟာ ဒဏ်ရာပြင်းတယ်လို့ အစ္စရေး စစ်ဘက်ကဆိုပါတယ်။
အဆိုပါ ဗုံးကွဲမှုဟာ ဟားမတ်စ်တို့ ထိန်းချုပ်ရာ ပါလက်စတိုင်းနယ်မြေ တောင်ဘက်မှာ ဖြစ်ပွားခဲ့ပြီး ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ ချက်ချင်း မသိရသေးပါဘူး။
အစ္စရေးတို့ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာ ဒေသရှိ စောင့်ကြည့်ရေး ကင်းစခန်းကို တင့်ကားနဲ့ ပစ်ခတ်ခဲ့ပေမယ့် ဒဏ်ရာရသူ မရှိပါဘူး။
အခုတိုက်ခိုက်မှုဟာ ၂၀၁၄ ဂါဇာစစ်ပွဲနောက်ပိုင်း တိုက်ခိုက်မှု တစ်ခုထဲမှာ အစ္စရေးဘက်က ဒဏ်ရာရရှိမှု အများဆုံးဖြစ်တယ်လို့ အစ္စရေး မီဒီယာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။