ဖားကန့်တွင် မြေစာပုံပြိုကျ၊ ၁ ဦး သေဆုံး
DVB
·
February 18, 2018
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်လုပ်ကွက်တခုမှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ ၁ ဦး သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ အနီး အဂ္ဂရတနာ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်မှာ ရေမဆေးကျောက်ရှာဖွေသူ အင်အား ၈၀ လောက် ရေမဆေးကျောက် ရှာဖွေနေစဉ် အမြင့်ပေ ၅၀ လောက်ရှိ မြေသားကမ်းပါးယံပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ထက်အောင် (၂၉) နှစ်မှာ မြေစာပိသေဆုံးသွားတာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသွားသူကို ဖားကန့် ပြည်သူ့ ဆေးရုံပို့ဆောင်ခဲ့ပြီး ဖားကန့်မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၈ နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။