A d v e r t i s e m e n t With Us

ဆယ်ကျော်သက် ယူကျု့နာမည်ကြီး သေနတ်ပစ်ခံရမှုကြောင့် ဦးနှောက်ပျက်စီး

လမ်းမပေါ် ရန်ဖြစ်ပြီး သေနတ်ပစ်ခတ်ခံရမှုကြောင့် ဆယ်ကျော်သက် ယူကျု့နာမည်ကြီး အစ္စဘယ်လီခရစ်စတင်းဆန်တိုစ်ဟာ ဦးခေါင်း သေနတ်ထိမှန်ပြီး ဦးနှောက်ပျက်စီးကာ အလုပ်မလုပ်တော့ဘူးလို့ သိရပါတယ်။ ဘရာဇီးလ်နိုင်ငံ ပရာနာပြည်နယ်ရဲ့ ကမ်းခြေမြို့ ၂ မြို့ဖြစ်တဲ့ ပရာရီရာဒီလက်စ်တီမြို့နဲ့ အိုင်ပနီးမားမြို့ကြား အဝေးပြေးလမ်းမကြီးပေါ်မှာ အသက် ၁၄ နှစ်အရွယ် အစ္စဘယ်လီခရစ်စတင်းဆန်တိုစ် သေနတ်ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။ ကားသမားတွေကြား စကားများရန်ဖြစ်ရာကနေ ဖေဖော်ဝါရီလ ၁၄ ရက် မနက် ၁ နာရီ ၅၀ ဝန်းကျင်မှာ မောင်းလာတဲ့ ဆန်တိုစ်ရဲ့ကားကို သေနတ်နဲ့ ပစ်ခတ်မိသွားတာပါ။ ယူကျု့ရဲ့အီစာ တော့ပ်ရှိုးပွဲမှာ တင်ဆက်သူဖြစ်တဲ့ ဆန်တိုစ်ကို ဒေသတွင်းဆေးရုံ ဒိုလီတိုရယ်ကို အမြန်ပို့ပေမယ့် သူမရဲ့အခြေအနေက အရမ်းစိုးရိမ်စရာလို့ ဦးနှောက်နဲ့ အာရု့ကြောပါရဂူ မာစယ်လိုစာဒါက ပြောပါတယ်။ သူမရဲ့မိခင်ဖြစ်သူက လူမှုကွန်ရက်ပေါ်မှာ “အစ္စဘယ်လီရဲ့ ဆရာဝန်က သူ ဦးနှောက် အလုပ် မလုပ်တော့ဘူးလို့သာ ပြောကြောင်း” ရေးထားပြီး ဆယ်ကျော်သက်ရဲ့ ယူကျု့ချန်နယ်ကို ပုံမှန်သုံးစွဲသူ ၄ သောင်း ၈ ထောင် ရှိတယ်လို့ သိရပါတယ်။ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးပြီး လက်နက်တွေကို သိမ်းဆည်းလိုက်တယ်လို့ ရဲတွေက ပြောပါတယ်။ “၂ ယောက်လုံးကတော့ ရာဇဝတ်မှု မှတ်တမ်းမရှိဘူး၊ လက်နက်တွေကလည်း တရားဝင် မှတ်ပုံတင်ထားတာ” လို့ ရဲအရာရှိ ရူရီဘာရိုစိုက သတင်းထောက်တွေကို ပြောပါတယ်။ ဖမ်းခံရသူ ၂ ဦးကို တရားစွဲဆိုမှု ရှိ မရှိ မသိရသေးပါဘူး။ ပစ်ခတ်မှုအတွင်း အခြား ဘယ်သူမှတော့ ဒဏ်ရာမရဘူးလို့ သိရပြီး ဆန်တိုစ် စီးတဲ့ကားကို ဘယ်သူမောင်းလဲဆိုတာ မသိရသေးဘူးလို့ ရဲတွေက ပြောကြောင်း သည်ဆန်းသတင်းမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up