A d v e r t i s e m e n t With Us

၁၈ ကြိုးတပ်ဂီတာကို တီးခတ်ပြခဲ့သည့် ဂီတသမား ဂျာရက်ဒိုင်း (ရုပ်သံ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ၁၈ ကြိုးတပ်ဂီတာကို ဂီတသမား ဂျာရက် ဒိုင်းက တီးခတ်ပြ ခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဒိုင်းဟာ 2018 NAMM အမည်ရတဲ့ ဂီတတူရိယာပြပွဲမှာ တီးခတ်ပြခဲ့တဲ့ ဗွီဒီယိုဖိုင်ကို သူ့ရဲ့ YouTube လိုင်းပေါ်မှာ ဖော်ပြခဲ့တာပါ။ အဲဒီဂစ်တာကို သြစတြေးလျက ဂီတာထုတ်လုပ်တဲ့ Ormsby Guitars က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ၁၇ ကြိုးတပ် ဂီတာကို ၀ယ်ယူဖို့ကြိုးစားရာမှာ အလိမ်ခံခဲ့ရပုံတွေကို ဒိုင်းက သူရဲ့လူကြည့်များတဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြခဲ့ပြီးနောက် Ormsby က အခုဂီတာကိုပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ဒိုင်းရဲ့ မန်နေဂျာက ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။ ဂီတာရဲ့လက်ကိုင်ကို ကာဗွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားပြီး ကြိုးအားလုံးကို တီးခတ်နိုင်ကြောင်း ပြပွဲမှာ ဒိုင်းက သက်သေပြခဲ့ပါတယ်။ အခုဂီတာကို တီးခတ်ပြီး အပြင်းစား ဟဲဗီးမက်တဲလ် သီချင်းတပုဒ်ကို ရေးစပ်သီကုံးဖို့ ဒိုင်းက စီစဉ်ထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖြော်ပထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up