A d v e r t i s e m e n t With Us

ဟက်ဒါဖီးလ်ကိုအနိုင်ယူပြီး မန်ချက်စတာယူနိုက်တက် အက်ဖ်အေဖလား ကွာတားတက် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာတော့ အသင်းကြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟက်ဒါဖီးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ နည်းပြ မော်ရင်ဟိုက ကစားသမားအချို့ အပြောင်းအလဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဂိုးသမားနေရာမှာ ရိုမီယို၊ နောက်တန်းမှာ လင်ဒီအော့၊ စမောလင်း၊ အက်ရှ်လေယန်းနဲ့ လုရှော၊ အလယ်မှာ ၀ါရင့်ကွင်းလယ်ကစားသမား ကာရစ်၊ မာတစ်၊ တိုမီနေတို့နဲ့ ရှေ့မှာတော့ မာတာ၊ ဆန်းချက်ဇ်နဲ့ လူကာကူတို့ ပါဝင်လာခဲ့ပါတယ်။ ဟက်ဒါဖီးလ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ဂိုးတွေကို တိုက်စစ်မှူး လူကာကူက သွင်းယူခဲ့တာဖြစ်ပါတယ်။ ပထမဂိုးကိုတော့ မာတာပေးပို့တဲ့ဘောလုံးကို လူကာကူက တကိုယ်တော် ဆွဲပြေးယူသွားပြီး ဟက်ဒါဖီးလ်နောက်ခံလူကို လိမ်ခေါက်ကာ လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကိုလည်း ဆန်းချက်ဇ် ပေးပို့မှုကနေ လူကာကူကပဲ တကိုယ်တော်ဆွဲယူသွားပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် လာမယ့်မတ်လအတွင်းမှာ ဘရိုင်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား တခြားပွဲစဉ်တွေမှာတော့ ရှက်ဖီးလ် ၀-၀ ဆွမ်ဆီး၊ ၀က်စ်ဘရွန်း ၁-၂ ဆောက်သမ်ပတန်၊ ဘရိုင်တန် ၃-၁ ကိုဗင်ထရီ စတဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up