နိုင်ငံတကာစာတမ်းဖတ်ပွဲ မန္တလေးတွင် ကျင်းပ
DVB
·
February 18, 2018
မြန်မာနိုင်ငံ မန္တလေးမြို့ မန္တလေးတက္ကသိုလ်မှာ ထိုင်း-မြန်မာ ပူးတွဲပြုလုပ်တဲ့ နိုင်ငံတကာ စာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ကနေ ၁၈ ရက်နေ့ထိ ကျင်းပနေပါတယ်။
နိုင်ငံတကာ စာတမ်းဖတ်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် မန္တလေးမှာ ကျင်းပနေတာပါ။
ဒုတိယနေ့မှာတော့ အခန်းပေါင်း ၆၉ ခန်းမှာ စာတမ်း ၆၉ စောင်ကို ဖတ်ကြားခဲ့ကြပါတယ်။ လူမူ့ကွန်ရက်ကနေ နာမည်ကြီးလာသူတွေအကြောင်း၊ သံလွင်မြစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုလာပြီ၊ လက်ရှိမြန်မာနိုင်ငံရဲ့ မီဒီယာလောက အခြေအနေ စတဲ့ စာတမ်းတွေကို ဖတ်ကြားခဲ့ကြပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာခင်မောင်လွင်၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ Dr.Sunait Chutintaranond၊ ဂျာမနီနိုင်ငံ University of Colonge မှ Prof.Dr.Frauke Kraas တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
သတင်းနှင့်ဓာတ်ပုံ - အိမ်ခိုင်မြဲ