A d v e r t i s e m e n t With Us

အာဂျင်တီးနားတွင် အလုပ်သမားသမဂ္ဂများ နိုင်ငံအဝှမ်း ဆန္ဒပြ

အလုပ်သမားတွေ အလုပ်ရပ်နားခံရတာနဲ့ ပတ်သက်ပြီး အာဂျင်တီးနား နိုင်ငံ့ဝန်ထမ်းများအဖွဲ့ (ATE) အဖွဲ့ဝင်တွေနဲ့ အလုပ်သမားသမဂ္ဂတွေဟာ နိုင်ငံတဝှမ်းမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ မြို့တော် ဗျူနိုအေးရိမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲက အကြီးဆုံးဖြစ်ပြီး ထောင်နဲ့ချီတဲ့လူတွေ ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြပွဲကို နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့တော်ထဲက အဓိကလမ်းမကြီးတွေမှာ သွားလာလို့မရအောင် ရည်ရွယ်ပြုလုပ်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ATE ရဲ့ အချက်အလက်တွေအရ ဒီဇင်ဘာလကတည်းက အလုပ်ရပ်နားခံရသူ အစိုးရဝန်ထမ်း ၁၂၀၀ ရှိပြီး စည်ပင်သာယာဝန်ထမ်း ၁၄၀၀ အထိ ရှိပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့တွေက လက်ရှိသမ္မတ မာတရီ ၂၀၁၅ ခုနှစ်ကုန်ပိုင်းမှာ အာဏာရယူပြီးကတည်းက စတင်ဖော်ဆောင်နေတဲ့ လုပ်သားနဲ့ အခွန်ကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေကို  ချီးကျူးထားပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မှုရှိဖို့ အပြောင်းအလဲတွေ ပိုလုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလတုန်းကလည်း ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ကြုံခဲ့ရလို့  ပင်စင်ပြုပြင်ပြောင်းလဲရေးလုပ်မယ့် အစီအစဉ်ကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ဆိုင်းငံ့ခဲ့ရပါတယ်။ အစိုးရကတော့ ၂၀၁၇ ခုနှစ်မှာ ဘဏ္ဍာရေးလိုငွေပြတဲ့ ပမာဏဟာ ကနဦး သတ်မှတ်ထားတာထက် ပိုများခဲ့တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up