A d v e r t i s e m e n t With Us

တူရကီတရားရုံးက သတင်းထောက် ၆ ဦးကို ထောင်ဒဏ် တသက်တကျွန်းချမှတ်

တူရကီတရားရုံးဟာ ၂၀၁၆ ခုနှစ် မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ အားပေးကူညီခဲ့တဲ့ သတင်းထောက် ၆ ဦးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက သတင်းထောက် ၁ ဦးကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သူတို့တွေရဲ့ ရှေ့နေတဦးက ပြောပါတယ်။ အခုဖြစ်ရပ်ကြောင့် တူရကီိနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သမ္မတ အာဒိုဂန်လက်ထက် လွတ်လပ်သောတရားစီရင်ခွင့်အပေါ် ပိုပြီးစိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ တူရကီနိုင်ငံမှာ အာဏာသိမ်းအပြီး လူ ၅ သောင်းကျော် ဖမ်းဆီးခံခဲ့ရတာပါ။ လူ ၁ သိန်းခွဲကျော် အလုပ်က ဖြုတ်ပစ်တာ  ဆိုင်းငံ့တာ ခံခဲ့ရပါတယ်။ တသက် တစ်ကျွန်းချမှတ်ခံထားရတဲ့ သတင်းထောက်တွေထဲက တယောက်ကို တူရကီရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အစိုးရ တရားရုံးက ဆုံးဖြတ်ချက်ကို ငြင်းပယ်ခဲ့ပြီး တရားစီရင်ချက် ချမှတ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖြော်ပထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up