ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ယာဉ် ၄ စီး ဖမ်းဆီးရမိ
DVB
·
February 17, 2018
ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့က စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ လိုင်စင်မဲ့ယာဉ် လေးစီး သိမ်းဆည်းရမိခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မန္တလေးနဲ့ မူဆယ်တို့ကို သွားမယ့် ယာဉ်တွေကို စစ်ဆေးနေစဉ် တရားဝင် စာရွက်စာတမ်း အထောက်အထားမတင်ပြနိုင်တဲ့ Toyota IPSUM တစ်စီး၊Toyota ESTMA တစ်စီး၊Toyota Wish နှစ်စီး၊ စုစုပေါင်း လေးစီး (စုစုပေါင်း ငွေကျပ် ၁၄ သန်းဖိုး) လောက်ကို သိမ်းဆည်းခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။
အလားတူ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၇၁၃ သန်း) စုစုပေါင်း တားဆီးမှု ၉ မှုကို (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁ ဒသမ ၇၁၃ သန်း) လောက် သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် အစီး ၈၃ဝ၊ သွင်းကုန် ၉၂၈ စီး၊ ရန်ကုန်- မြဝတီလမ်းမကြီးတစ်လျှောက် ပို့ကုန် ၄၉ စီး၊ သွင်းကုန် ၁၄၇ စီး ကုန်စည်များ သယ်ယူပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။