A d v e r t i s e m e n t With Us

ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်များကို ကယ်တင်ပါ – ခရစ္စတီရာနိုရော်နယ်ဒို

ဓာတ်ပုံ - စီရော်နယ်ဒိုဖေ့စ်ဘွတ်ခ်။
[caption id="attachment_254082" align="alignleft" width="410"] ဓာတ်ပုံ - စီရော်နယ်ဒိုဖေ့စ်ဘွတ်ခ်။[/caption] နာမည်ကျော် ဘောလုံးသမားတဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် ဓာတ်ပုံနှစ်ပုံတင်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်တွေကို ကယ်တင်ကြဖို့ နှိုးဆော်လိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဘောလုံးစတားဟာ ၂၀၁၃ ခုနှစ်ကတည်းက Save the Children အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်တဦးဖြစ်လာခဲ့ပြီး အဝလွန်ကလေးငယ်တွေနဲ့ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုတွေ ရင်ဆိုင်နေရတဲ့ ကလေးငယ်တွေအတွက် ထောက်ပံ့ကူညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ အခုတင်ထားခဲ့တဲ့ ဓာတ်ပုံနှစ်ပုံထဲက တပုံကတော့ သူနဲ့အတူ ရင်သွေးကလေးငယ်တွေ ရိုက်ထားတဲ့ပုံဖြစ်ကာ နောက်တပုံမှာတော့ ရိုဟင်ဂျာဒုက္ခသည်သားအဖရဲ့ ပုံတွေကို မျှဝေထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံတွေပေါ်က အညွှန်းမှာတော့ “One 🌍 where we all ❤ our children. Please help. #Rohingya #RefugeeSave the Children US www.savethechildren.org/Cristiano” လို့ ရေးသားဖော်ပြထားခဲ့ပြီး ရိုဟင်ဂျာ ကလေးငယ်တွေကို ကူညီပေးကြဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဒီဓာတ်ပုံတွေဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်နေတာမို့ အင်တာနက် အသုံးပြုသူတွေကြား အပြောများနေပြီး ဝင်ရောက်ကြည့်ရှုသူ ၄ သိန်းကျော်ရှိခဲ့ကာ ဝေဖန်မှတ်ချက်တွေလည်း အမျိုးမျိုးထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up