Home
မြန်မာသတင်း
မင်းကုန်းရွာတွင် မြေကျင်းတူးရာမှ ရှေးခေတ်ငွေဒင်္ဂါးများတွေ့
DVB
·
February 16, 2018
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်အုပ်စု၊ မင်းကုန်းရွာမှာ သောက်သုံးရေပိုက်သွယ်တန်းဖို့ မြေကျင်းတူးရာက ရှေးခေတ်ငွေဒင်္ဂါးပြား ၂၀၀ ကျော် တွေ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းကုန်းရွာနေ ဦးဝင်းနိုင်က "ရွာထဲက ရေတွင်းတွေက ရေငန်ပဲ ထွက်တယ်။ ရေချိုတွင်းက ရွာနဲ့ပေ ၃၀၀၀ ကျော် ဝေးတယ်။ အဲနေရာက ၂ လက်မပိုက်နဲ့ ရေယူမယ်ဆိုပြီး ရေပိုက်မြှုပ်ဖို့ မြေတူးရာက တွေ့တယ်။ ငွေဒင်္ဂါးပြား ၂၀၀ ကျော်တွေ့တာပါ။ ရေချိုရဖို့ ကိုယ်အသိနဲ့ကို မြေတူးပေးဖို့ အမှတ်စဉ် ရေးထားတယ်၊ အမှတ်စဉ် ၁၀ မှာ တွေ့တယ်။ ရွာစည်းရိုးနား ကိုတိုင်းကျော် လယ်ကန်သင်းနားအစပ်မှာ တွေ့တာ" လို့ ပြောပါတယ်။ ‎တမာကန်ရွာနေ ကိုကျော်နိုင်က "၅ ယောက်လောက် တွေ့တယ်။ ငြိမ်းစိုးထွန်းနဲ့ မချယ်ရီက အများဆုံး တွေ့တယ်။ ဘယ်ခေတ်ရယ်လို့တော့ မသိသေးဘူး။ မြေအိုးနဲ့ ထည့်ထားတယ်၊ တူရွင်းနဲ့ထိုးမိလို့ အိုးကတော့ ကွဲသွားတယ်။ တထွာလောက် အနက်မှာ တွေ့တာပါ" လို့ ပြောပါတယ်။ ရှေးခေတ်လက်ရာတွေလို့ ယူဆနေကြပြီး ငွေဒင်္ဂါးတွေ့တဲ့သူတွေက ရှေးဟောင်းဌာနကို အပ်ပေးမယ်လို့ သိရပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024