ပြိုင်ပွဲယှဉ်ပြိုင်စဉ် လည်ပင်းရိုးကျိုးခဲ့သော်လည်း အဆုံးထိယှဉ်ပြိုင်သည့် နှင်းလျှောစီးသမား

ဓာတ်ပုံ - NBC Sports
သြစတြီးယား နှင်း​လျှောစီးသမား မားကတ်​စ်​ရှရီယာဟာ ပြိုင်​ပွဲယှဉ်​ပြိုင်​​နေစဉ်​အတွင်း မ​တော်​တဆမှုကြောင့် လဲကျပြီး လည်​ပင်းရိုး ကျိုးခဲ့​ပေမယ့် ပြန်​ထကာ အဆုံးထိ ယှဉ်​ပြိုင်​သွားခဲ့ပါတယ်​။ ဒီအဖြစ်အပျက်ဟာ ​တောင်​ကိုရီးယားနိုင်​ငံ ပြုံချန်းမြို့မှာ ကျင်းပပြုလုပ်​​နေတဲ့ ​ဆောင်းရာသီ အိုလံပစ်​ပွဲ​တော်​မှာ ဖြစ်​ပွားခဲ့တာပါ။ မားကတ်​စ်​ဟာ ပက်​လက်​လန်​ လဲကျခဲ့တာကို အလျင်​အမြန်​ ပြန်​ထခဲ့သလို ပြိုင်​ပွဲကို ဆက်​လက်​ယှဉ်​ပြိုင်​ပြီး​ ပွဲအပြီးမှာ​တော့ ​ဆေးရုံကို ပို့​ဆောင်​ခဲ့ရသလို လည်​ပင်းရိုးရဲ့ ၅ ​ချောင်း​မြောက်အရိုးလည်း ကျိုးခဲ့ပါတယ်​။ ​ရွှေတံဆိပ်​ဆု ​မျှော်​မှန်းထားတဲ့ မားကတ်​စ်​ဟာ ပြိုင်​ပွဲရလဒ်​အရ အဆင့်​ ၄ ​နေရာ ရရှိခဲ့ပါတယ်​။ လက်​ရှိအချိန်​မှာ မားကတ်​စ်​ရဲ့ဒဏ်​ရာဟာ စိတ်​ချရတဲ့ အ​ခြေအ​နေမှာ ရှိ​နေပါတယ်​။ မားကတ်​စ်​ဟာ အလွန်​ကံ​ကောင်းသူဖြစ်​ပြီး​ သူ့ရဲ့ အားကစားစိတ်​ဓာတ် ​ပြင်းထန်​မှုအတွက်​ ပရိသတ်​​တွေနဲ့ တာဝန်​ရှိသူ​တွေက ချီးကျူး​ပြောဆို​နေကြပါတယ်​။ ဒဏ်​ရာရရှိ​နေတဲ့ မားကတ်​စ်​ကို သြစတြီးယားနိုင်​ငံသား​တွေက​တော့ လူမှုကွန်ရက်​​တွေ​ပေါ်မှာ ချီးကျူး​ရေးသား​နေကြသလို စာတို​တွေပို့ပြီး ဆု​တောင်း​ပေး​လျက်​ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up