အကြမ်းဖက်မှုများကို ထောင်တွင်းမှ ကြိုးကိုင်မှုဖြင့် ဘာသာရေးဆရာကို အင်ဒိုနီးရှား စွဲချက်တင်

Policemen guard Islamic cleric Aman Abdurrahman during his walk to the courtroom for his trial in Jakarta, Indonesia February 15, 2018. REUTERS/Beawiharta
1K
အင်ဒိုနီးရှား တရားရုံးဟာ အစ္စလာမ်ဘာသာရေးဆရာတဦးကို အကြမ်းဖက်မှုတွေ ကြိုးကိုင်မှုနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။
အမန် အဗ္ဗဒူရာမန်ဆိုသူ ဘာသာရေးဆရာဟာ ၂၀၁၆ ခုနှစ်က လူအသေအပျောက်များတဲ့ အသေခံဗုံးခွဲမှု အပါအဝင် အကြမ်းဖက်မှုတွေကို အကျဉ်းထောင်ထဲက ကြိုးကိုင်ခဲ့တယ်ဆိုတဲ့ စွပ်စွပ်ချက်တွေနဲ့ စွဲချက်တင်ခံရတာပါ။
အဲဒီစွဲချက်အရ အဗ္ဗဒူရာမန်ဟာ အများပြည်သူတွေ ရှိတဲ့နေရာမှာ အကြမ်းဖက်မှုတွေ ဖန်တီးဖို့ အစီအစဉ်ရေးဆွဲတာနဲ့ တခြားသူတွေကို စည်းရုံးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် အဗ္ဗဒူရာမန်ဟာ ၂၀၁၄ ခုနှစ်က အိုင်အက်စ် စစ်သွေးကြွအဖွဲ့အပေါ် သစ္စာခံပြီး အကြမ်းဖက်မှုတွေ ဆောင်ရွက်ဖို့ တခြားသူတွေကို တိုက်တွန်းခဲ့ပါတယ်။
သူ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပြင်သစ်နဲ့ ရုရှားနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ပါရီတိုက်ခိုက်မှုပုံစံ ဖန်တီးမှု ပါဝင်တယ်လို့ အစိုးရရှေ့နေက ပြောခဲ့ပါတယ်။
အဗ္ဗဒူရာမန်ဟာ အာချေးပြည်နယ်မှာ အကြမ်းဖက်သင်တန်းဖွင့်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံပြီးနောက် မနှစ်က ပြန်လွတ်လာပြီး ချက်ချင်း ပြန်လည်ဖမ်းဆီးခံရတာလို့ ရိုက်တာသတင်းအရ သိရပါတယ်။