ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းဘုရင်က ဆုချီးမြှင့်
DVB
·
February 16, 2018
တပ်မတော်ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဘုရင်က ပေးအပ်တဲ့ “The Knight Grand Cross( First Class) of the Most Exalted Order of the White Elephant”ဆု လက်ခံယူဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်ရှိနေပါတယ်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး တရန်ချိုင်းယံ ဆရီဆူဝန်ရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ဖို့နဲ့ ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်တဲ့ ဆုအပ်နှင်းတဲ့ အခမ်းအနား တက်ရောက်ဖို့ မနေ့က နေပြည်တော်လေဆိပ်က ထိုင်းနိုင်ငံကို ထွက်ခွာသွားတာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနဲ့ တပ်မတော်အရာရှိကြီးတွေ လိုက်ပါသွားကြပြီး ထိုင်းနိုင်ငံရှိ အထင်ကရ နေရာတွေကို လှည့်လည်ကြည့်ရှု လေ့လာသွားမယ်လို့လည်း သိရပါတယ်။
Photo : CINCDS