A d v e r t i s e m e n t With Us

ချစ်သူများနေ့တွင် ပန်းစည်းငြင်းပယ်သည့် မိန်းကလေး မုဒိမ်းကျင့်ပြီး အသတ်ခံရ

ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် လူသတ်မှုဖြင့် သံသယရှိသည့် အမျိုးသား။ (ဓာတ်ပုံ - systemthais)
ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်ခရိုင်မှာ ဗလန်တိုင်း ခေါ် ချစ်သူများနေ့ အမှတ်တရ ပန်းစည်းပေးတာကို ငြင်းပယ်ခဲ့တဲ့ မိန်းကလေးတဦး မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့  စစ္စတမ်ထိုင်းစ် (Systemthais) သတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၅ နာရီကျော်က နခွန်းပထုန်ခရိုင် ဆာမ်ဖလန်းမြို့နယ်၊ ဖိုးထိကယောက်ရပ်ကွက်၊ ဖုတ်ထမွန်းထွန်းလမ်းထဲမှာ မိန်းကလေးအလောင်း တွေ့ရှိကြောင်း အကြောင်းကြားတဲ့အတွက် သွားရောက်စစ်ဆေးကြည့်ရှုရာ လမ်းဘေးက ခြုံတောထဲမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ မသေဆုံးခင် ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ အနေအထားနဲ့ သေဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် မိန်းကလေးတဦးကို တွေ့ရတယ်လို့ ဖိုးထိကယောက်နယ်မြေရဲစခန်း တာဝန်ကျရဲအုပ် ထွတ်ချတ် ကျောက်ကျလွန်းက သတင်းထောက်တွေကို ပြောပါတယ်။ စစ်ဆေးချက်အရ သေဆုံးသူမှာ နန်းဆောဝ် ဆီရိဖွန်း ကယောက်အမ်းဖိုင်းဆိုသူ ဖြစ်ပြီး ဆရာဝန်ဆေးစစ်ချက်အရ မိန်းမကိုယ်မှာ အမျိုးသားသုတ်ရည်ပါ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာဆွေမျိုးတွေရဲ့ ပြောပြချက်နဲ့ စီစီတီဗွီကင်မရာ မှတ်တမ်းတွေအရ သေဆုံးသူ မိန်းကလေးဟာ ဖေဖော်ဝါရီ ၁၃ ရက် ည ၉ နာရီလောက်က ဝယ်စရာရှိလို့ အပြင်ထွက်သွားကြောင်း၊ လမ်းတဝက်မှာ တရပ်ကွက်တည်းနေပေမယ့် သူမနဲ့ မသိကျွမ်းသူ အသက် ၃၀ အရွယ် အမျိုးသားတဦးက ချစ်သူများနေ့ ပန်းစည်းလိုက်ပေးနေပြီး မိန်းကလေးက ငြင်းပယ်ရှောင်တိမ်းနေခဲ့ကြောင်း သိရပါတယ်။ ဒီနောက် အဲဒီအမျိုးသားက မိန်းကလေးကို လမ်းဘေးရှိချုံထဲ ဆွဲခေါ်သွားခဲ့ပြီး ည ၁၁ နာရီမှာ ချုံထဲကနေ တဦးတည်း ပြန်ထွက်လာကြောင်း၊ သူ့ရဲ့ကိုယ်မှာလည်း သွေးစတွေ ပေနေကြောင်း တွေ့ရပါတယ်။ မိန်းကလေးရဲ့ ဆွေမျိုးတွေက အဲဒီအမျိုးသားကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ တိုင်ကြားထားပြီး ရဲတပ်ဖွဲ့ကလည်း တရားခံကို အပူတပြင်း လိုက်လံရှာဖွေကာ ဓာတ်ပုံထဲက အမျိုးသားကို တွေ့ရှိပါက ရဲစခန်းကို အကြောင်းကြားဖို့ ကြေညာထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up