နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ဆွေးနွေးရန် ပြည်ထဲရေးဝန်ကြီး ဘင်္ဂလားဒေ့ရှ်ကို သွားရောက်
DVB
·
February 15, 2018
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီမနက် သွားရောက်နေပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်တဲ့ ၁၂ ဦးပါ အဖွဲ့ဟာ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနဲ့ နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office) ဖွင့်လှစ်မယ့် ကိစ္စရပ်တွေ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး