ဆီးရီးယားတွင် အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဝင် ၄၀၀ ခန့် လက်နက်ချ

ဆီးရီးယားနိုင်ငံ အီဒလစ်ပြည်နယ်မှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဝင် အနည်းဆုံး ၄၀၀ လောက် လက်နက်ချခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့ဝင်တွေဟာ အီဒလစ်ပြည်နယ်က ဆီးရီးယားသူပုန်တွေထံမှာ လက်နက်ချခဲ့တာလို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြောပါတယ်။ ဆီးရီးယား အစိုးရတပ်တွေကလည်း  အလက်ပို၊ အီဒလစ်နဲ့ဟာမားပြည်နယ်မှာရှိတဲ့ အိုင်အက်စ်တွေကို ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ထားတဲ့ အီဒလစ်ပြည်နယ်တောင်ပိုင်းဆီ ထွက်ခွာခွင့်ပေးခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့က အစောပိုင်းက ပြောကြားခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာတော့ ဖမ်းမိထားတဲ့ အိုင်အက်စ် အဖွဲ့ဝင်တွေကို ဆီးရီးယားသူပုန်တွေက စစ်ဆေးနေတာကို မြင်တွေ့ ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up