A d v e r t i s e m e n t With Us

မန်စီးတီးသည် အားလုံးပြည့်စုံနေသည့်အသင်း ဖြစ်နေပြီဟု လမ်းပတ် ချီးကျူး

မန်စီးတီးအသင်းဟာ အားလုံးပြည့်စုံနေတဲ့အသင်း ဖြစ်နေပြီလို့ ကစားသမားဟောင်း ဖရန့်လမ်းပတ်က ချီးကျူးပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးနဲ့ မန်စီးတီး ကစားသမားဟောင်း ဖရန့်လမ်းပတ်ဟာ မန်စီးတီးအသင်းက ဘေဆယ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ BT Sport ရဲ့ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် တင်ဆက်ခဲ့ပြီး မန်စီးတီးအသင်းကို ချီးကျူးပြောကြားမူတွေ ပြုလုပ်ခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားသလို ပြင်းပြင်းထန်ထန်လည်း ကြိုးစားကစားပြီး ပွဲကို ဘယ်လိုထိန်းချုပ်မရမလဲ ဆိုတာလည်း သိတာကြောင့် နည်းပြလိုချင်တဲ့အတိုင်း ပြီးပြည့်စုံတဲ့အသင်း ဖြစ်နေပြီလို့ လမ်းပတ်က ချီးကျူးပြောကြားခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဘေဆယ်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် အိမ်ကွင်းမှာ ဒုတိယအကျော့ကစားဖို့ ကျန်သေးပေမယ့် ကွာတားဖိုင်နယ်တက်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယနေရာက မန်ယူအသင်းကို ၁၆ မှတ်ဖြတ်ပြီး ဦးဆောင်ထားသလို လိဂ်ဖလားမှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်တဲ့အထိ ခြေစွမ်းပြနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up