တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား ရာထူးကနုတ်ထွက်

ဓာတ်ပုံ - PHILL MAGAKOE/AFP/Getty Images
1K
တောင်အာဖရိကသမ္မတ ဂျက်ကော့ ဇူးမားဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
အာဏာရ အာဖရိကန် အမျိုးသားကွန်ဂရက် (ANC) ရဲ့ ရာထူးကနုတ်ထွက်ဖို့ ညွှန်ကြားချက် ထွက်လာပြီးနောက်မှာ အခုလို နုတ်ထွက်သွားခဲ့တာပါ။
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဇူးမားဟာ ပြည်သူလူထုကို မိနစ် ၃၀ ကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အဲဒီလိုပြောကြားရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာက စီရီးလ်ရာမာဖိုဆာကို ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပြီးတဲ့နောက် သူ့ကို အခုလို စောစီးစွာ ရာထူးကနေ နုတ်ထွက်ခိုင်းတဲ့ ANC ရဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ပြောကြားသွားပါတယ်။