အာဆင်နယ် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ပါက အာစင်ဝင်းဂါးနှင့် လမ်းခွဲဖွယ်ရှိ

1.4K
အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် နည်းပြအာစင်ဝင်းဂါးနဲ့ လမ်းခွဲဖွယ်ရှိတယ်လို့ သိရပါတယ်။
အသင်းတာဝန်ရှိသူတွေ အနေနဲ့ အာစင်ဝင်းဂါးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်ကလို မသေချာတဲ့ အခြေအနေကို ရှောင်လွှဲလိုပြီး အာစင်ဝင်းဂါးရဲ့ အနာဂတ်ကို ချန်ပီယံလိဂ်ဝင်ခွင့် ရမရအပေါ်မှာ ဆုံးဖြတ်မယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။
နည်းပြ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့နှစ်က အသင်းနဲ့လမ်းခွဲဖို့ နီးစပ်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့တာပါ။
လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ အပြီးမှာ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမယ့် အဆင့် ၄ နေရာက အသင်းနဲ့ ၈ မှတ်အထိ ကွာဟနေပါတယ်။
ဒီလိုအခြေအနေကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲကို အာရုံစိုက်ကာ ချန်ပီယံဖြစ်အောင် ကြိုးပမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရယူတာက အာဆင်နယ်အသင်းအတွက် ပိုမိုလွယ်ကူမယ်လို့ ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ၃၂ သင်းအဆင့်မှာ ဆွီဒင်ကလပ် အော်စတာဆမ်အသင်းနဲ့ တွေ့ဆုံနေပြီး ဒီနေ့ည ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။