Home
မြန်မာသတင်း
လယ်ယာလုပ်ကိုင်သူ အမျိုးသမီးများအတွက် ချေးငွေထုတ်ပေး
DVB
·
February 15, 2018
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအတွက် ဘဏ္ဍာရေးစနစ်အသုံးပြုနိုင်ဖို့နဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာဖို့ ရည်ရွယ်ပြီး ကမ္ဘောဇဘဏ်နဲ့ Action Aidအဖွဲ့တို့ ပူးပေါင်းကာ သင့်တင့်တဲ့ အတိုးနှုန်းနဲ့ ဘဏ်ချေးငွေကို စတင်ပေးအပ်တော့မှာ ဖြစ်ပါတယ်။ တနှစ်တာကြာမယ့် ရှေ့ပြေးအစီအစဉ် ကာလအတွင်းမှာ အမျိုးသမီး ၁၂၀ လောက် ချေးငွေရရှိမှာဖြစ်ပြီး ခန့်မှန်းခြေ မိသားစုနဲ့ လူမှုအဖွဲ့ဝင် ၅၀၀ လောက် အကျိုးသက်ရောက်မှု ရှိလာဖို့ ခန့်မှန်းထားတယ်လို့ Action Aid က တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီလုပ်ဆောင်ချက်ရဲ့ ထိရောက်မှုနဲ့ အောင်မြင်မှု အတိုင်းအတာကို စောင့်ကြည့်ပြီး မြန်မာနိုင်ငံထဲက တခြားဒေသတွေမှာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024