မာနေး၏ ဟက်ထရစ်ဂိုး အပါအဝင် ၅ ဂိုးပြတ်ဖြင့် လီဗာပူးက ပေါ်တိုကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 15 February, 2018
1.4K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးက ပေါ်တိုအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ လီဗာပူးက မာနေး၊ ဖာမီနိုနဲ့ ဆာလက်တို့ကို တိုက်စစ်မှာတင်ပြီး ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာတာပါ။
ဒီပွဲမှာ တိုက်စစ်မှူး မာနေးက လီဗာပူးအတွက် ပထမဆုံးအကြိမ် ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ကျန်ဂိုးတွေကို ဆာလက်နဲ့ ဖာမီနိုတို့က သွင်းယူပေးခဲ့ပါတယ်။
ပေါ်တိုဟာ အိမ်ကွင်းဖြစ်ပေမယ့်လည်း လီဗာပူးတိုက်စစ်ကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
လီဗာပူးကပဲ ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
လီဗာပူးတိုက်စစ်မှူး မာနေး ခြေစွမ်းပြကစားနိုင်လို့ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
ပေါ်တိုအတွက်တော့ ဥရောပအဆင့်မှာ သုံးဂိုးအထက်နဲ့ ပထမဆုံးရှုံးတဲ့ပွဲ အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
လီဗာပူးဟာ ဒုတိအကျော့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အခုပွဲမှာ ဂိုးပြတ်နဲ့ နိုင်လိုက်လို့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။