နာမည်ကျော် ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်း ဆောင်းဦးရာသီ အဝတ်အစားဒီဇိုင်းများ ပြသ

ဓာတ်ပုံ - Getty
1.1K
နာမည်ကျော်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းဟာ နယူးယောက် ဖက်ရှင်သီတင်းပတ်မှာ သူဖန်တီးထားတဲ့ ၂၀၁၈ ဆောင်းဦးရာသီ အဝတ်အစား ဒီဇိုင်းတွေကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြသလိုက်ပါတယ်။
ဗစ်တိုးရီးယားအတွက် ဒီနှစ်ဟာ ဖက်ရှင်နယ်ပယ်မှာ ဒီဇိုင်နာသက်တမ်း ၁၀ နှစ်ပြည့်လည်း ဖြစ်ပါတယ်။
အခုပြပွဲရဲ့ ထူးခြားလက်ရာအနေနဲ့ ကုတ်နဲ့ ဂျာကင်အင်္ကျီ၊ အထည်စုံ ၂၆ မျိုးစလုံးနီးပါးမှာ ခါးပတ်ပုံစံတွေ ထည့်ထားတာကို တွေ့ရမှာပါ။
အရွယ်အစားကြီးထားတဲ့ စွပ်ကျယ်အင်္ကျီတွေ၊ ခေါင်းစွပ်အင်္ကျီတွေနဲ့ ဆွယ်တာတွေကို အခုပြပွဲမှာ ပြသသွားပါတယ်။
ဗစ်တိုးရီးယားဟာ ဒီဇိုင်နာသက်တမ်း ၁၀ နှစ်ပြည့်ကို လန်ဒန် ဖက်ရှင်သီတင်းပတ်မှာ ပြပွဲပြုလုပ်ဖို့လည်း ရှိနေပါတယ်။
နယူးယောက် ဖက်ရှင်သီတင်းပတ်ကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။