AFC Cup ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်က ဘာလီယူနိုက်တက်ကို ၃-၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

1.1K
အာရှကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ AFC ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရန်ကုန်အသင်းက အင်ဒိုနီးရှားလိဂ်ချန်ပီယံ ဘာလီယူနိုက်တက်အသင်းကို သုံးဂိုး တဂိုးနဲ့ အနိုင်ရသွားပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူး အီမန်နူရယ်က ပွဲချိန် ၁၅ မိနစ်မှာ တဂိုးနဲ့ ၁၈ မိနစ်နဲ့ ၂၅ မိနစ်တွေမှာ ဆယ်လာက နှစ်ဂိုး သွင်းခဲ့ပါတယ်။
ဘာလီအသင်းအတွက် ချေပဂိုးတဂိုးကိုတော့ ပထမပိုင်း ၄၄ မိနစ်မှာ သွင်းယူခဲ့ပြီး နောက်ပိုင်း ဘာလီအသင်း ပယ်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် လွဲချော်ခဲ့လို့ ပွဲအပြီးမှာ သုံးဂိုးတဂိုးနဲ့ပဲ ရန်ကုန်အသင်းက နိုင်ပွဲရခဲ့တာပါ။
သုဝဏ္ဏကွင်းမှာ ကစားတဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာတော့ ရှမ်းအသင်းက ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပေမယ့် တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတာပါ။
ဟုမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၅ မိနစ်မှာ ကွင်းလယ်ကစားသမား ဆောင်းက အနီးကပ် ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
AFC Cup ပြိုင်ပွဲရဲ့ အာဆီယံဇုန်မှာ အုပ်စု ၄ ခု ခွဲခြားထားပြီး အုပ်စုပထမအသင်း သုံးသင်းနဲ့ အကောင်းဆုံးဒုတိယအသင်းတသင်းက အာဆီယံဇုန် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ကစားခွင့်ရမှာ ဖြစ်ပါတယ်။
ရုပ်သံ - အမ်အက်ဖ်အက်ဖ်