မန်စီးတီး တိုက်စစ်အစွမ်းပြပြီး ဘေဆယ်ကို ၄ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 14 February, 2018
1.5K
0
Share
0
Comment
0
Likes
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဒီနှစ် အတောင့်တင်းဆုံးလူစာရင်းနဲ့ ခြေစွမ်းပြနေတဲ့ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အရင်ပွဲထွက်လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး အဂွေရို၊ စတာလင်၊ ဘရာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်း၊ ဂန်ဒိုဂန်တို့နဲ့ အကောင်းဆုံးခြေစွမ်းကို ဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။
ဒီနေ့ပွဲစဉ်မှာတော့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ခြေစွမ်းပြကစားနိုင်ခဲ့သလို နှစ်ဂိုးသွင်းယူခဲ့ပါတယ်။
ကျန်ဂိုးတွေကိုတော့ တိုက်စစ်မှူး အဂွေရိုနဲ့ ဘရာနာဒိုဆေးဗားတို့က သွင်းယူပေးခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ပထမပိုင်း ပွဲကစားချိန်မှာတင် ၃ ဂိုးပြတ်ရလဒ်နဲ့ ဦးဆောင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်ထိ ရှိခဲ့ပါတယ်။
အခုပွဲရလဒ်ကြောင့် ဒုတိယအကျော့ အိမ်ကွင်း အီတီဟတ်ကွင်းကြီးမှာတော့ သက်တောင့်သက်သာကစားပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားဖို့ အခြေအနေ ကောင်းသွားခဲ့တာပဲဖြစ်ပါတယ်။