A d v e r t i s e m e n t With Us

မန်စီးတီး ချန်ပီယံလိဂ်ဖလား ရယူနိုင်ဟု ကွန်ပနီ ပြော

မန်စီးတီးအသင်းအနေနဲ့ ဥရောပချန်ပီယံလိဂ်ဖလား ရယူနိုင်တယ်လို့ အသင်းခေါင်းဆောင် ကွန်ပနီက ပြောလိုက်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေပြီး ပုံစံကောင်းရနေတာကို ချန်ပီယံလိဂ်အထိ ဆက်ပြီး ထိန်းနိုင်မယ်လို့ ကွန်ပနီက ယုံကြည်နေတာပါ။ ချန်ပီယံလိဂ်မှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေဟာ ၁၀ နှစ်လောက် လွှမ်းမိုးခဲ့ပြီး အခုနှစ်မှာတော့ အဲဒီအသင်းတွေကို အနိုင်ယူကျော်ဖြတ်ဖို့ ကြိုစားမှာဖြစ်တယ်လို့ ကွန်ပနီက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ချန်ပီယံလိဂ် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာ အကောင်းဆုံးကစားပြီး ပြိုင်ပွဲအတွေ့အကြုံကောင်းတွေလည်း ရရှိထားပြီဖြစ်လို့ အကောင်းဆုံး ကစားနိုင်မယ်လို့လည်း ကွန်ပနီက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ပြီးခဲ့တဲ့နှစ်က ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up