သံခေတ်ကဟု ယူဆရသည့် ရှေးဟောင်းသင်္ချိုင်း တွေ့ရှိ
DVB
·
February 12, 2018
နွားထိုးကြီးမြို့နယ်မှာ ပဒေါင်းကျေးရွာအနီးမှာ သံခေတ်ကလို့ ယူဆရတဲ့ ရှေးဟောင်းသင်္ချိုင်း ၁ ခု တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က နွားထိုးကြီးမြို့နယ် ပဒေါင်းကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၂၉/၇) ဝဲဘက်လမ်းဘေး ပေ ၁၅၀၀ လောက်အကွာမှာ မြေတွေ တူးဖော်ထားတာကို မသင်္ကာဖွယ်တွေ့ရှိရလို့ နွားထိုးကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးရာမှာ သံခေတ်က သင်္ချိုင်းဟောင်းတခု ဖြစ်နိုင်ပြီး မြေအိုးကွဲ၊ သံလက်နက်၊ လူအရိုး၊ လူသွား၊ ဦးခေါင်းအခွံ၊ မြေထည်၊ မြေပန်းကန် အပိုင်းအစတွေ တွေ့ရှိရလို့ ပဒေါင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
အဲဒီနေရာကို ရှေးဟောင်းယဉ်ကျေးမှု နေရာဒေသတခုအဖြစ် သတ်မှတ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး