ဆရာကြီးမင်းသုဝဏ် ၁၀၉ နှစ်ပြည့် မွေးနေ့ ကျင်းပ

1.1K
ဆရာကြီးမင်းသုဝဏ် ၁၀၉ နှစ်ပြည့် မွေးနေ့ကို မြန်မာ book plazar မှာကျင်းပပြုလုပ်ခဲ့ပြီး မူလတန်းကျောင်းသား ကျောင်းသူတွေက ဆရာကြီးရဲ့ကလေးကဗျာတွေ ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့ပါတယ်။
ဆရာကြီးရဲ့ မွေးနေ့ရောက်တိုင်း ပြုလုပ်လေ့ရှိတဲ့ ထမနဲထိုးပြီး ကြွရောက်လာတဲ့ ပရိသတ်ကို ကျွေးမွေးဧည့်ခံခဲ့ပါတယ်။
ဒီပွဲကို စာပေနယ်ထဲက ဆရာကြီးကို ချစ်ခင်ကြတဲ့ နိုင်ငံကျော်စာရေးဆရာတွေ၊ စာဖတ်ပရိသတ်တွေ ဆရာကြီးရဲ့ မိသားစုဝန်တွေအပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း တက်ရောက်ခဲ့ပါတယ်။