ရွှေတူးဖော်ရာတွင်သုံးသည့် စက်ယန္တရားကြီးများ သယ်ဆောင်ခွင့် တားဆီးထိန်းသိမ်း
DVB
·
February 11, 2018
ရွှေတူးရာမှာသုံးတဲ့ စက်ယန္တရားတွေကို ရွှေကျင်မြို့၊ ပွဲကုန်းရပ်ကွက်၊ မြို့အဝင်မုခ်ဦးအနီးမှာ ဆက်လက်သယ်ဆောင်ခွင့်မပြုဘဲ ထိန်းသိမ်းထားလိုက်တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င် ပူးပေါင်းအဖွဲ့ဟာ ရွှေကျင်မြို့၊ ပွဲကုန်းရပ်ကွက်၊ မြို့အဝင်မုခ်ဦးအနီးမှာ ဦးမောင်မောင်ဝင်း နဲ့ ဦးရန်လျှန်ထုန် တို့ ၂ ဦးအား ၂၂) ဘီးယာဉ် ၃ စီးနဲ့ ရွှေသတ္တုတူးဖော်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားကြီးတွေ တင်ဆောင်လာတာကို တွေ့ရှိလို့ စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒေသအခေါ် ဂေါ်ဇာဒေသရှိ ကျောက်ရွှေလုပ်ကွက်မှာ အသုံးပြုရန် မူဆယ်မြို့ကနေ သယ်ဆောင်လာတာဖြစ်ကြောင်း သိရှိရလို့ ဦးမောင်မောင်ဝင်းပါ ၂ ဦးအား မြို့နယ်တရားမဝင် ကုန်စည်စီးဆင်းမှုများ တားဆီးထိန်းချုပ်ရေးအဖွဲ့က အစည်းအဝေးပြုလုပ်ကာ အဆိုပါယန္တရားကြီးတွေကို ဆက်လက်သယ်ဆောင်ခွင့်မပြုပဲ ထိန်းသိမ်းထားရှိဖို့ စစ်ဆေးနေကြောင်း သိရပါတယ်။