A d v e r t i s e m e n t With Us

ဟောင်ကောင် ဘတ်စ်ကားတိုက်မှု ၁၉ ဦး သေဆုံး

ဟောင်ကောင်၊ တိုင်ပိုဒေသမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က နှစ်ထပ်ကား တစီး တိုက်မှုဖြစ်လို့ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဟောင်ကောင်ရဲ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။ ကားတိုက်မှုအတွင်း လူပေါင်း ဒါဇင်အရေအတွက်ကတော့ ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ရဲ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဓာတ်ပုံတွေထဲမှာ ခရီးသည်တင် ဘတ်စ်ကားက ဘေးဘက်ကို လဲကျနေတာ တွေ့ရပြီး ကားရဲ့အမိုးပိုင်းလည်း ပျက်စီးသွားတယ်လို့ ဒေသခံသတင်းဌာနတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူအသေအကျေရှိတဲ့ ကားတိုက်မှုပြီးတဲ့နောက် မီးသတ်သမားတွေ အပျက်အစီးပုံတွေကို ရှင်းလင်းခဲ့ရပြီး အနည်းဆုံး အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တာပါ။ တိုင်ပိုဒေသဟာ ဟောင်ကောင်ရဲ့ အဓိက ကုန်းမြေထုပေါ်က နယ်မြေအသစ် ဖြစ်တယ်လို့လည်း သိရပြီး ဘတ်စ်ကားတိုက်မှုက ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နိုင်ခြေကြောင့် အထူးအစီအစဉ်တွေ လုပ်နေတဲ့ မြင်းပြိုင်ကွင်းကြီးနားမှာ ဖြစ်ခဲ့တာလို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up