A d v e r t i s e m e n t With Us

တော့တင်ဟမ်ဟော့စပါး ၁-၀ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

မနေ့ညအစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် လန်ဒန်ဒါဘီမှာတော့ တော့တင်ဟမ်ဟော့စပါးက အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မြို့ခံပြိုင်ဘက်အသင်းတွေပီပီ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲကလည်း အတော်ကြည့်ကောင်းခဲ့ပါတယ်။ စပါးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်လို့ ဘောလုံးပိုင်ဆိုင်မှုမှာလည်း စပါးအသင်းက အသာစီးယူကစားနိုင်ခဲ့ပါတယ်။ စပါးအသင်းအတွက် အနိုင်ဂိုးကိုတော့ ဟယ်ရီကိန်းက ဒုတိယပိုင်း ပွဲချိန် ၄၉ မိနစ်မှာ အာဆယ်နယ် နောက်ခံကစားသမားတွေ လူကပ်ကစားနေတဲ့ကြားက ဖောက်ထွက်ပြီး ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ မန်ယူအသင်းကနေ ၀ယ်ယူထားတဲ့ မစ်ခီတာယန်းလည်း ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။ စပါးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၅၂ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး အာဆင်နယ်အသင်းကတော့ ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up