A d v e r t i s e m e n t With Us

ပြည်​​ထောင်​စု​နေ့အထိမ်းအမှတ် ​ရေစကြိုတွင် လှေလှော်ပြိုင်ပွဲ ကျင်းပ

ပခုက္ကူခရိုင်​ ​ရေစကြိုမြို့မှာ ပြည်​​ထောင်​စု​နေ့အထိမ်းအမှတ်အဖြစ် ​ဖေဖော်ဝါရီ ၁၀ ရက်​​နေ့က ​ ​လှေ​လှော်​ပြိုင်​ပွဲ ကျင်းပခဲ့ပါတယ်​။ တိမ်​မြုပ်​​ပျောက်​ကွယ်​လုနီးပါးဖြစ်​​နေတဲ့ မြန်​မာ့ရိုးရာ​လှေလှော်ပြိုင်​ပွဲကို ပြန်​လည်​​ဖော်​ထုတ်​တဲ့အ​နေနဲ့ ကျင်းပခဲ့တာပါ။ ဒီပြိုင်​ပွဲကို ​ရေစကြိုမြို့ အမှတ်​ ၁ အုပ်​ချုပ်​​ရေးမှူးက တံခွန်​စိုက်​ဖလား ဆုချီးမြှင့်​မှာဖြစ်​ပြီး အခြားရပ်​ကွက်​​နေပြည်​သူ​တွေကလည်း ဆုရအသင်း​တွေကို ဆုချီးမြှင့်ပေးသွားမှာပါ။ ​ရေစကြိုမြို့က ပြည်​​ထောင်​စု​နေ့​ လှေလှော်ပြိုင်​ပွဲမှာ ​လှေ​လှော်​အသင်း ၁၂ သင်း ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြပြီး ​လှေ ၅ တက်​ပြိုင်​ပွဲဖြစ်​ပါတယ်​။ မြင့်နိုင်

A d v e r t i s e m e n t With Us

More News
Up