ရန်ကုန်လွှတ်တော်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ

1.1K
၇၁ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌဖလား လျှပ်တပြက် ဘောလုံးပြိုင်ပွဲကို ဒီနေ့ မနက်ပိုင်းက ရန်ကုန် ကျိုက္ကဆံအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။
ပြိုင်ပွဲကို ရန်ကုန်အရှေ့ပိုင်းခရိုင် လွှတ်တော်ကိုယ်စားလှယ်များအသင်း၊ အနောက်ပိုင်းခရိုင်လွှတ်တော်ကိုယ်စားလှယ်များအသင်း၊ တောင်ပိုင်းခရိုင် လွှတ်တော်ကိုယ်စားလှယ်များအသင်းနဲ့ မြောက်ပိုင်း ခရိုင်လွှတ်တော်ကိုယ်စားလှယ်များအသင်းဆိုပြီး ၄ သင်းခွဲ ယှဉ်ပြိုင်ခဲ့တာပါ။
ပထမဆုကိုတော့ မြောက်ပိုင်းခရိုင်လွှတ်တော် ကိုယ်စားလှယ်အသင်းက ရရှိသွားတယ်လို့ သိရပါတယ်။