Home
မြန်မာသတင်း
ကညင်ဆည်မှ ရေအားလျှပ်စစ်ထုတ်၍ ရွာ ၁၀၀ ကျော်ကို မီးပေးရန်ဆောင်ရွက်
DVB
·
February 10, 2018
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကညင်ဆည်ကနေ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်နေပြီလို့ ဆည်တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာတော့ လုပ်ငန်းဖော်ဆောင်ဖို့ အခြေခံအဆောက်အဦတွေ တည်ဆောက်နေပြီလို့ ဆိုပါတယ်။ ကညင်ဆည် တည်ဆောက်ရေးတာဝန်ခံ ဦးစီးအရာရှိ ဦးတင်စိုးက “ခုလက်ရှိ မှာတော့ ကျနော်တို့ဌာနက လူကြီးတွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ စကားတွေပြော၊ စာချုပ်တွေ ချုပ်ဆိုနေပါပြီ။ ခုတော့ အခြေခံအဆောက်အဦတွေ ဆောက်လုပ်နေပါပြီ။ ကျနော်တို့ဆည်ကနေ အနည်းဆုံး ၆ မဂ္ဂါဝပ်လောက် ထုတ်နိုင်မှာဖြစ်ပြီး ကျေးရွာပေါင်း အနည်းဆုံး ၁၀၀ ကျော်လောက်ကို မီးပေးဝေနိုင်မှာပါ။ စပါးစိုက်ဆည်ရေသောက် ရေပေးဝေခြင်းလုပ်ငန်းလည်းဖြစ်၊ ရေအား လျှပ်စစ်လည်း ဖြစ်မှာပါ။ ဆည်အားလုံး ပြီးစီးသွားရင်တော့ ဆည်ရေသောက်အတွက် ဧက ၂၅၀၀၀ အထိရေပေးနိုင်မှာပါ။ မီးပေးဝေ နိုင်ရင် ဒေသမီးဖိုချောင်းသုံး မီးသွေးကနေ လျှပ်စစ်ပြောင်းသုံးနိုင်မှာမို့ ခုမီးသွေးဖုတ်နေလို့ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်တွေကို သွယ်ဝိုက်ပြီးကာကွယ်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အောင်လည်းအောင်မြင်မှာပါ”လို့ ပြောပါတယ်။ ကညင်ဆည်ဟာ အင်္ဂပူမြို့နယ်ထဲက ပုသိမ်-မုံရွာကားလမ်းနဲ့ ၄ မိုင်ကျော်မှာတည်ရှိပြီး ၂၀၀၂-၀၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာပါ။ လာမယ့် ၂၀၁၉ ခုနှစ် အကုန်မှာ အပြီးသတ်တည်ဆောက်မှာ ဖြစ်ပြီး လက်ရှိမှာတော့ ကညင်ဆည်ကနေ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်တို့ကို ဆည်ရေ ပေးဝေနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024