မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ငယ် ဆင်းသက်စဉ် စက်ချွတ်ယွင်း
DVB
·
February 10, 2018
ရန်ကုန်မြို့မှထွက်ခွာလာတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ငယ်တစီးဟာ မာန်အောင်လေဆိပ်မှာ ဆင်းသက်စဉ် လေယာဉ်ငယ် စက်ချွတ်ယွင်းမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၉ ၇က်နေ့ မနက် ၁၀ နာရီ ၃၅ အချိန်က မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်မှူး တင်မိုးအောင် မောင်းနှင်ပြီး လေယာဉ်ဝန်ထမ်း ၂ ဦးနဲ့ ခရီးသည် ၁၀ ဦး (ကျား ၅၊ မ ၅) တို့ လိုက်ပါလာတဲ့ Caravan လေယာဉ်ငယ်ဟာ ရန်ကုန်မြို့မှ မာန်အောင် မြို့နယ် စမုံတဲကျေးရွာအနီးရှိ မာန်အောင်လေဆိပ်ကို ဆင်းသက်စဉ် Brake System ချွတ်ယွင်းခဲ့ပြီး ချော့မွေ့စွာဆင်းသက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကျန်ရှိတဲ့ ခရီးစဉ်တွေကို ဆက်လက်ပျံသန်း ပြေးဆွဲခြင်း မပြုတော့ဘဲ ခေတ္တရပ်နားခဲ့ကြောင်းနဲ့ လေယာဉ်အား မာန်အောင်လေဆိပ် ပြေးလမ်းမှာ စမ်းသပ်မောင်းနှင်ခဲ့ပြီး မနက် ၁၁ နာရီ ၃၅ အချိန်မှာ လေယာဉ်မှူးပါ ဝန်ထမ်း ၃ ဦးတို့ ခရီးသည်မပါရှိဘဲ ရန်ကုန် လေဆိပ်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ်၊ နိုဝင်လတုန်းကလည်း မာန်အောင်လေဆိပ်မှာပဲ Cessna Caravan လေယာဉ်တစီးဟာ ဆင်းသက်နေတုန်း ဘီးပေါက်လို့ ကွင်းညာဘက်ဘေးကို ဆွဲပြီး ရပ်တန့်ခဲ့ရပါသေးတယ်။