အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်း ဆန္ဒပြသူများကြား ပဋိပက္ခဖြစ်၊ ၄ ဦး သေ

အစ္စရေး-ဂါဇာဒေသ နယ်စပ်ခြံစည်းရိုးမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေကြား ပဋိပက္ခဖြစ်ပွားခဲ့လို့ ပါလက်စတိုင်းသား အနည်းဆုံး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။ အပြင်းအထန်ဒဏ်ရာရသူ ၁ ဦးအတွက် ဆေးအဖွဲ့က အသက်လုနေရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေး-ဂါဇာ ကမ်းမြောင်ဒေသနယ်စပ်မှာ ဆန္ဒပြသူတွေဟာ ပါလက်စတိုင်း အလံတွေလွှင့်ပြီး တဖက်ခြံစည်းရိုးက အစ္စရေးတပ်ဖွဲ့ဝင်တွေကိုလည်း ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးက ဂါဇာ နယ်စပ်တလျှောက် နေရာအလိုက် ဆူပူသောင်းကျန်းမှုတွေမှာ ပါလက်စတိုင်းသား အယောက် ၄၀၀ လောက်ပါတယ် လို့ ပြောပါတယ်။ အစ္စရေးတပ်ဖွဲ့က လုံခြုံရေးခြံစည်းရိုးနဲ့ တပ်ဖွဲ့ဝင်တွေကို ရန်ပြုဖို့ အဓိက လှုံ့ဆော်တဲ့သူ တွေကို ပစ်မှတ်ထားပြီး ကျည်ဆန်အတုနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ အနောက်ဘက်ကမ်းပါး ဒေသတလျှောက် ဆန္ဒပြနေရာ ၁၃ နေရာမှာ ပါလက်စတိုင်းသား ၈၀၀ ၀န်းကျင် ပါဝင်နေတယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up