မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း လီရမ်မစ်လာ ကွယ်လွန်

1K
မန်ချက်စတာယူနိုက်အသင်းနဲ့ ဆဲလ်တစ်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း လီရမ်မစ်လာဟာ ပန်ကရီယကင်ဆာရောဂါနဲ့ အသက် ၃၆ နှစ်အရွယ်မှာ ကွယ်လွန်သွားတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။
နိုဝင်ဘာလက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ မစ်လာဟာ ပန်ကရီယကင်ဆာရောဂါ အကြီးအကျယ် ခံစားနေရပြီး ဓာတုကုထုံးနဲ့ စတင်ကုသဖို့ ကော့က်ကောင်တီမှာရှိတဲ့ သူ့အိမ်ကို မပြန်ခင် အမေရိကန်နိုင်ငံမှာ ဆေးသွားကုခဲ့တာလို့ ဆိုပါတယ်။
ကလေး ၃ ယောက်တို့ရဲ့ ဖခင်ဖြစ်သူ မစ်လာက ဟီဘာနီရန်၊ လိ့ဒ်နဲ့ ဆန်ဒါလန်အသင်းတွေမှာလည်း ကစားခဲ့ပြီး သူ့ရဲ့ အသက် ၃၇ နှစ်ပြည့်မွေးနေ့ ၄ ရက်အလိုမှာ ကွယ်လွန်ခဲ့တာပါ။
ဘောလုံးကစားဖော်တွေက တွီတာပေါ်မှာ ဝမ်းနည်းကြောင်း ရေးခဲ့ကြသလို သူကစားခဲ့တဲ့ ပထမဆုံးအသင်း ဆဲလ်တစ်က “ဆဲလ်တစ်အသင်းက အားလုံး ကွင်းလယ်ကစားသမားဟောင်း လီရမ်မစ်လာ ကွယ်လွန်မှုကို ကြားရတဲ့အတွက် အကြီးအကျယ် စိတ်မကောင်းဖြစ်ကြပါတယ်။ သူ့ရဲ့မိသားစုတွေနဲ့ သူငယ်ချင်းတွေနဲ့အတူ ကျနော်တို့ သူ့အတွက် ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ ငြိမ်းချမ်းတဲ့ဘုံမှာ အနားယူပါတော့ လီရမ်” လို့ ပြောထားပါတယ်။
မစ်လာက သူ ဘောလုံးကစားချိန်အတွင်း ဆန်းဒါးလန်း၊ ဆဲလ်တစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေအတွက် ကစားခဲ့တာပါ။
အိုင်ရစ်လူမျိုး ကွင်းလယ်ကစားသမား မစ်လာက နောက်ဆုံးအကြိမ်အဖြစ် အမေရိကန်အသင်း ဝယ်လ်မင်တန် ဟမ်မားဟက်ဒ်စ်အသင်းအတွက် ကစားခဲ့ပြီး မစ်လာက သူ့တိုင်းပြည် အိုင်ယာလန်နိုင်ငံအတွက် တကြိမ်မှာ ဂိုးသွင်းပြီး အနိုင်ကန်ပေးနိုင်ခဲ့လို့ ၂၁ ဦးမြောက် နိုင်ငံကိုယ်စားပြု ကစားသမားဆု ချီးမြှင့်ခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။