A d v e r t i s e m e n t With Us

အမေရိကန်ရှိတွင် ဆောင်းမုန်တိုင်း ၀င်ရောက်၊ လူ ၂ ဦး သေဆုံး

အမေရိကန်နိုင်ငံရဲ့ မြို့ကြီးပြကြီးတွေ တည်ရှိရာ ဝစ်စ်ကိုဆင် အီလီနွိုက် မြောက်ပိုင်းနဲ့ မီချီဂံ ပြည်နယ်တွေ အပါအဝင် အနောက်အလယ်ပိုင်းဒေသကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဆောင်းမုန်တိုင်း ၀င်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ချီကာဂိုမြို့မှာ နှင်းထု ၂၃ စင်တီမီတာအထိဖုံးလွှမ်းခဲ့ပြီး အနည်းဆုံး လူ ၂ ဦးသေ ဆုံးခဲ့ပါတယ်။ အသက် ၆၀ အရွယ်အမျိုးသားတဦးဟာ နှင်းတွေကို ဖယ်ရှား ရှင်းလင်းပြီးနောက်မှာ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ အီလီနွိုက်ပြည်နယ် နေပါဗဲလ်မြို့ရှိ ဆေးရုံကပြောရေး ဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ မီချီဂန်ပြည်နယ် ဖန်တန်မြို့အနီးမှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ယာဉ်ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ ချီကာဂိုမြို့ အဝေးပြေးလမ်းမတွေထက်မှာ နှင်းတွေကြောင့် လမ်းချော်ပြီး ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆောင်းမုန်တိုင်းဟာ အရှေ့ပိုင်း နယူးယောက်ပြည်နယ်နဲ့ နယူးအင်္ဂလန်ဒေသတို့ကို ဦးတည်နေတဲ့အတွက် လေကြောင်းလိုင်း ရာနဲ့ချီပြီး ဖျက်သိမ်းခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up