Home
မြန်မာသတင်း
အင်းဒင်ရွာသတ်ဖြတ်မှု ရိုက်တာသတင်းထုတ်ပြန်ချက် စိုးရိမ်စရာဟု ကုလပြော
DVB
·
February 10, 2018
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ ရိုဟင်ဂျာမွတ်ဆလင်တွေ အသတ်ခံရတဲ့ကိစ္စကို ရိုက်တာသတင်းဌာနကနေ အသေးစိတ် ထုတ်ပြန်လိုက်တဲ့ကိစ္စဟာ စိုးရိမ်စရာ အထိတ်တလန့်ဖြစ်ရပ်လို့ ဖေဖော်ဝါရီ ၉ ရက် နေ့မှာ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ဒါဟာ ရခိုင်ပြည်ထဲက အကြမ်းဖက်မှုတွေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ လိုအပ်ကြောင်း ပြသနေတာလို့ ကုလသမဂ္ဂမှ ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဖှာဟန် ဟက်က သတင်းထောက်တွေကို ပြောပါတယ်။ “ခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ရီပို့ရဲ့အသေးစိတ် အချက်အလက်တွေဟာ သိပ်ကို စိုးရိမ်ထိတ်လန့်စရာကြီးပါ။ ဒီကိစ္စမှာတော့ ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုအားလုံးကို အာဏာပိုင်တွေက အပြည့်အဝ နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးရေးလုပ်ဖို့အတွက် မှန်ကန်ကြောင်း သက်သေပြနိုင်ဖို့ အချက်အလက်တွေ အများကြီး လိုအပ်ပါတယ်” လို့ ပြောသွားတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ်ကလည်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ယောက် လွတ်မြောက်ရေးအတွက် တောင်းဆိုထားပြီး ဒီအတွက် သတင်းစာရှင်းလင်းပွဲ ဆက်လုပ်သွားမယ်လို့လဲ ဟက်ခ် က ပြောသွားပါတယ်။ အင်းဒင်ရွာမှာ ၂၀၁၇ စက်တင်ဘာ ၂ ရက်နေ့က ရိုဟင်ဂျာ ၁၀ ယောက်ကို အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့က သတ်ဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တာပါ။ အဲဒီသတင်းထုတ်ပြန်ချက်မှာ သတ်ဖြတ်ခံရသူတွေရဲ့ ဓာတ်ပုံတွေ၊ တဦးချင်း သတင်းအချက်အလက်တွေနဲ့အတူ ပူးတွဲဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024