Home
မြန်မာသတင်း
မိုင်းတုံတွင် မိုင်းအန္တရာယ်​ကင်းရှင်း​ရေး အသိပညာ​ပေး
DVB
·
February 10, 2018
မိုင်းတုံတွင် မြို့နယ်ကြက်ခြေနီအသင်းက ကျေးရွာလူထုကို မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ “မြို့နယ်​အတွင်းမှာရှိတဲ့ ​ကျေးရွာလူထုကို စစ်​မက်​ဖြစ်​ပွားချိန်​နဲ့ အခြားအချိန်​​တွေမှာ မိုင်းနဲ့​ပေါက်​ကွဲ​စေတတ်​တဲ့ ပစ္စည်း​တွေကို​တွေ့ရှိလာရင်​ သတိပြု​ရှောင်​ရှားတတ်​စေဖို့ရယ်​၊ ကာကွယ်​​ရေးနည်းလမ်း​တွေကို လက်​​တွေ့လက်​​ဆောင်​တတ်​​စေဖို့ အသိပညာ​ပေး​ ဟော​ပြောခဲ့တာ ဖြစ်​ပါတယ်။ အဓိကက​တော့​ ပေါက်​ကွဲ​စေနိုင်​တဲ့ ပစ္စည်း​တွေကို လူထုက သိရှိထားပြီး ​ရှောင်​ရှားတတ်​​စေဖို့ပါ” လို့ မြို့နယ်​ကြက်​​ခြေနီအသင်း ကိုယ်​စား အသိပညာ​ပေး ​ဆွေး​နွေးခဲ့သူ ​စေတနာ့ဝန်​ထမ်း ဦး​အောင်​ဝင်း​ဌေးက ​ပြောပါတယ်​။ မြန်​မာနိုင်​ငံ ကြက်​​ခြေနီအသင်းက ညွှန်​ကြားချက်​အရ မြို့နယ်​ကြက်​​ခြေနီအသင်းခွဲက ကြက်​​ခြေနီ​မောင်​မယ်​၊ ​စေတနာ့ဝန်​ထမ်းနဲ့ ပရဟိတအဖွဲ့တို့ ပူး​ပေါင်းပြီး မြို့နယ်​တွင်းရှိ တိုင်းရင်းသား​ကျေးရွာတွေကို မိုင်းအန္တရာယ်​ကင်းရှင်း​ရေး အသိပညာ​ပေး လိုက်​လံ​ဟော​ပြောခဲ့ကြတာ ဖြစ်​ပါတယ်​။ မိုင်းတုံမြို့နယ်​မှာ ထိုင်းနိုင်​ငံချင်းမိုင်​မြို့နယ်​နဲ့ နယ်​နမိတ်​ချင်းထိစပ်​​နေတဲ့ မြို့နယ်​တခုဖြစ်​ပြီး အရင်က တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့တွေနဲ့ တပ်​မ​တော်​တို့ မကြာခဏ တိုက်​ပွဲတွေ ဖြစ်​ပွားခဲ့ရာ​ ဒေသတ​ခုဖြစ်​တာကြောင့် နှစ်​ဖက်​တပ်​တွေ အပြန်​အလှန်​​ ထောင်​ထားတဲ့ စွန့်​လွှတ်​မိုင်းတွေ ကျန်​ရှိ​နေနိုင်​တဲ့ နယ်​​မြေ​ဒေသတခုလည်း ဖြစ်​ပါတယ်​။ မြို့နယ်​ကြက်​​ခြေနီ အသင်းခွဲအ​နေနဲ့ ​ကျေးရွာအုပ်​စု(၉)အုပ်စုအတွင်းရှိ ​ကျေးရွာ​ပေါင်း ၇၀ လောက်ကို ဇန်​နဝါရီလ ​နောက်​ဆုံးပတ်​မှာ စတင်​ပြီး လိုက်​လံ​ဟော​ပြော​နေတာပဲ ဖြစ်​ပါတယ်​။ ​အောင်​​ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024