ဟယ်ရီကိန်း၏ အနာဂတ် သူ့လက်ထဲတွင်သာရှိဟု စပါးနည်းပြ ပြော

တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အနာဂတ်ဟာ သူ့ရဲ့လက်ထဲမှာပဲရှိတယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းကို စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့  စိတ်ဝင်စားနေတာပါ။ ဟယ်ရီကိန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မိမိကိုမမေးသင့်ဘဲ ဟယ်ရီကိန်းကိုသာ မေးမြန်းသင့်တယ်လို့ နည်းပြ ပိုချက်တီနိုက မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူထားပေမယ့် အောင်မြင်မှုဆုဖလား ရယူနိုင်ခြင်းမရှိတာနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုဘူးလို့လည်း ပိုချက်တီနိုက ဆိုပါတယ်။ အသက် ၂၄ နှစ်ရှိ ဟယ်ရီကိန်းဟာ စပါးအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာပါ။ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူလိုပေမယ့် ဟယ်ရီကိန်းဟာ စပါးအသင်းကို ချစ်မြတ်နိုးသူဖြစ်ပြီး အသင်းမှာလည်း ပျော်ရွှင်နေတယ်လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

//
More News
Up