A d v e r t i s e m e n t With Us

ရွှေ့ပြောင်းလုပ်သား ၂၀၀ အား ကျွန်ပြုခိုင်းစေမှုဖြင့် အမျိုးသား ၃ ဦးကို ဗြိတိန်ရဲ ဖမ်းဆီး

ဗြိတိန် ပန်းစိုက်ခင်းတခုမှာ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကို ကျွန်ပြုခိုင်းစေမှုနဲ့ အမျိုးသား ၃ ဦးကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အင်္ဂလန် အနောက်တောင်ပိုင်း၊ Cornwall မြို့က ပန်းစိုက်ခင်းတစ်ခုမှာ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကို ကျွန်ပြုစေခိုင်းနေတယ်ဆိုတဲ့သတင်းကြောင့် ရဲတပ်ဖွဲ့က စိုက်ခင်းကို စီးနင်းရာကနေ မသင်္ကာသူ ၃ ဦင်္းကို ဖမ်းဆီးခဲ့တာပါ။ အရာရှိတွေကတော့ အခုဖြစ်ရပ်ဟာ  ခေတ်သစ် ကျွန်သဘောက်ပြုမှု ပြဿနာနှိမ်နင်းရသမျှဖြစ်ရပ်ထဲ လူအများဆုံး ကျွန်ပြုခံရမှုတခု ဖြစ်လာတယ်လို့ ပြောပါတယ်။ “ဒါတကယ့်ကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်တာပါ။ ကျနော့် ရဲလုပ်သက် အနှစ် ၂၀ အတွင်း ပထမဆုံးပါတယ်။ တကယ့်ကို ထူးခြားဖြစ်စဉ်ပါ။ ဒီလောက် လူပမာဏများများကို ကိုင်တွယ်ရတာကို ပြောပါတယ်။ အေဂျင်စီတွေ အကုန်လုံး လက်တွဲလုပ်ကြတာပါ။ အတူလက်တွဲပြီး အလုပ်လုပ်ကြတာ ဒီတကြိမ်က ပထမဆုံးပါပဲ။” လို့ Cornwall ရဲတပ်ဖွဲ့ ထောက်လှမ်းရေးအရာရှိက ပြောပါတယ်။ အလုပ်သမားတွေဟာ လစ်သူရေးနီးယား၊ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားနိုင်ငံတို့က အမျိုးသားတွေ အများဆုံးပါဝင်ပါတယ်။ သူတို့ကို အကူအညီပေးရေးအဖွဲ့တွေက အထောက်အပံ့ပေးနေတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ လုပ်သားအများစုကတော့ သူတို့ ကျွန်ပြုခံရတယ်လို့ ပြောထားသလို ရွှေ့ပြောင်းနေထိုင်မှု နဲ့ ပတ်သက်လို့ တိုင်ပင်ဆွေးနွေးတာနဲ့ အကြံဉာဏ်ယူလိုတာမျိုး ရှိတယ်လို့ အကူအညီပေးနေတဲ့ ကယ်တင်ခြင်း တပ်ဖွဲ့က ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ အတင်းအကြပ် အလုပ်စေခိုင်းခံရတာ၊ လိင်အမြတ်ထုတ်ခံရတာနဲ့ အိမ်တွင်းလုပ်သားအဖြစ် စေခိုင်းခံရတာခံရသူ  အနည်းဆုံး ၁၃၀၀၀ ရှိတယ်လို့ ဗြိတိန်အစိုးရက ခန့်မှန်းပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့ကတော့ ဒီ့ထက်ပိုနိုင်တယ်လို့ ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up