A d v e r t i s e m e n t With Us

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၂,၉၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ မတ်ပဲအသစ်က  ၁ အိတ်ကို ၄၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၁,၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ငွေကျပ် ၄၂,၂၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲလွန်းဖြူ ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၅၄.၂၅ ပိဿာဝင် ၁ အိတ်ကို ၅၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၇,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲဇီးကွက် မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ပေါက်ဈေးရှိပြီး ပဲဇီးကွက် အများဆုံးဝင်တဲ့ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၆,၀၀၀ ကျပ်ကနေ ၉၉,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းနက် နှမ်းနက် အများဆုံး ဝင်တဲ့ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ၄၅ ပိဿာဝင် ၁ အိတ်ကို ၉၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စီပီပြောင်း ပြောင်းအဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၉,၄၀၀ ကျပ်ကနေ ငွေကျပ် ၃၀,၈၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၄,၈၀၀ ကျပ်ကနေ ၃၀,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက ပဲစင်းငုံနီကတော့ ဖေဖော်ဝါရီလဆန်းပိုင်းကနေစပြီး  ဈေးတက်လာတာ နှစ်ပတ်ဆက်တိုက် ရှိနေပါပြီ။ ပြည်တွင်းမှာ ဝယ်လိုအား များနေတဲ့အတွက်ကြောင့် ဈေးတက်နေတာဖြစ်ပြီး အဓိကတင်ပို့နေတဲ့ အိန္ဒိယနိုင်ငံမှာလည်း မြန်မာ ပဲစင်းငုံနီက ဈေးသက်သာနေတဲ့အတွက် ဝယ်လိုအားက များနေတာလည်း ဖြစ်ပါတယ်။ ပဲစင်းငုံနီက ရန်ကုန်ဈေးကွက်မှာ တပတ်အတွင်း ၁ တန်ကို ၁၅,၀၀၀ ကျပ် ဈေးတက်လာပြီး ၄ သိန်းခွဲအထိ ဈေးရရှိနေပါတယ်။ ပြီးခဲ့တဲ့လက ပဲစင်းငုံနီ ၁ တန်ကို ၄ သိန်းအောက်သာ ဈေးရရှိခဲ့ပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA

A d v e r t i s e m e n t With Us

More News
Up