A d v e r t i s e m e n t With Us

အကျင့်ပျက်လာဘ်စားသည့် ထိုင်းထောင်ဝန်ထမ်း ၁၈ ဦး အလုပ်မှ ထုတ်ပယ်ခံရ

ထိုင်းနိုင်ငံမှာ အကျင့်ပျက်လာဘ်စားတဲ့ အကျဉ်းထောင်ဝန်ထမ်း ၁၈ ဦးဟာ အလုပ်ကနေ  ထုတ်ပယ်ခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ သူတို့ဟာ လာဘ်ပေးလာဘ်ယူမှုတွေ၊ တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးတွေ၊ မို ဘိုင်းဖုန်းတွေနဲ့ တခြားပစ္စည်းတွေကို ထောင်အတွင်း သယ်ဆောင်ခွင့်ပြုကာ စည်းကမ်းဖောက် ဖျက်ခဲ့ကြတယ်လို့ ထိုင်းအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဦးစီးဌာနက ပြောပါတယ်။ ခုစစ်ဆေးတွေ့ရှိမှုမှာ တခြားအကျဉ်းထောင်ဝန်ထမ်း ၁၉၃ ဦးကိုလည်း ပြစ်မှုကျူးလွန် ကြောင်းတွေ့ရှိထားပြီး သူတို့ကတော့ အနည်းအကျဉ်းသာ ဖောက်ဖျက်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒါဟာ အကျဉ်းထောင် အရာရှိတဦးကို အကျဉ်းသားရဲ့ ဆွေမျိုးတွေဆီက လာဘ်စားခဲ့ တာကို စစ်ဆေးပြီးနောက်မှာ စစ်ဆေးတွေ့ရှိခဲ့ရတာလို့ ထိုင်းအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး နရတ်စ် ဆေ့ဗ်စ်တန်နန်က ပြောပါတယ်။ တခြားဖောက်ဖျက်ကျူးလွန်မှုတွေထဲမှာတော့ မိုဘိုင်းဖုန်းတွေကို အပြန်အလှန် ခိုးသွင်း ပေးခဲ့တဲ့ ၀န်ထမ်းတွေ၊ အလုပ်ကို ၁၅ ရက်ထက် ပျက်ကွက်ခဲ့တဲ့ ၀န်ထမ်းတွေ၊ မူးယစ်ဆေးဝါးတွေ ခိုးသွင်းပေးခဲ့တဲ့ ၀န်ထမ်းတွေနဲ့ အကျဥ်းသားတွေကို အပြစ်မရှိဘဲ ဖမ်းချုပ်ထားတာနဲ့ မုဒိမ်းမှု ကျူးလွန်တာတွေလည်း ပါဝင်နေတယ်လို့ သူက ဆိုပါတယ်။ ထိုင်းအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဦးစီးဌာနအနေနဲ့ တခြားအနည်းအကျဉ်းပြစ်မှုကျူး လွန်ထားတဲ့ ၀န်ထမ်း ၁၉၃ ဦးကိုလည်း စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေကာ လုပ်ခလစာ လျှော့ချတာ၊ အစမ်းခန့်ကာလ သတ်မှတ်တာ၊ အချိန်ပိုဒဏ်ပေး အလုပ်ဆင်းစေတာ၊ ဒဏ်ရိုက် တာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up