A d v e r t i s e m e n t With Us

မြောက်ကိုရီးယား ခြိမ်းခြောက်မှု ဂျပန်၊ အမေရိကန်နှင့်တောင်ကိုရီးယား ပူးပေါင်းဖြေရှင်းမည်

မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ဆက်လက်ပူးပေါင်းဖြေရှင်းသွားမယ်လို့ ကမ္ဘာကြီးကို ပြောကြားလိုကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖေဖော်ဝါရီ ၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟာ ပြုံချမ်းအိုလံပစ်ပွဲတက်ဖို့ တောင်ကိုရီးယားကို မသွားခင် အခုလို ပြောလိုက်တာပါ။ “ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်တယ်ဆိုတာဟာ မြောက်ကိုရီးယား ခြိမ်းခြောက်မှုအတွက် အမေရိကန်-ဂျပန်-တောင်ကိုရီးယားတို့ကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲလျက်ရှိတယ်ဆိုတဲ့ သတင်းစကား ကမ္ဘာကို ပါးလိုတာ” လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ တောင်ကိုရီးယားသမ္မတနဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ နှောင်းပိုင်းမှာ တွေ့ဆုံဖို့ရှိပါတယ်။ ဝန်ကြီးချုပ်ကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်ပြုခံရတဲ့ တောင်ကိုရီးယား အမျိုးသမီးကြီးတွေကို စာနာနှစ်သိမ့်မှုပေးရေး သဘောတူညီချက်ကို အနာဂတ်ရှေးရှုတဲ့ ဆက်ဆံရေးကိုကြည့်ပြီး ဖြေရှင်းသွားမယ်လို့ ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up