ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ကျောင်းသားများ ဆန္ဒပြ
မြင့်နိုင်
·
February 9, 2018
ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ပခုက္ကူတက္ကသိုလ် ကျောင်းသား ၅၀ လောက်က ဖေဖော်ဝါရီ ၉ ရက် မနက်က တက္ကသိုလ်ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲမှာ ကျောင်းသားအားလုံးကို ကိုယ်စားမပြုတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ အလိုမရှိ၊ အဖွဲ့အစည်းအသုံးချ ငွေကြေး အလွဲသုံးစားလုပ်သူများ အလိုမရှိ၊ သမဂ္ဂအလုပ်အမှုဆောင်များ နုတ်ထွက်ပေးရေး၊ ကျောင်းမှ ထုတ်ယူထားတဲ့ ငွေကြေးရှင်းတမ်းတွေ အမြန်ထုတ်ပေးရေး စတာတွေ တောင်းဆိုခဲ့ကြပါတယ်။