A d v e r t i s e m e n t With Us

တောင်နှင့်မြောက်ကိုရီးယား အားကစားသမားများ ညီညွတ်ရေးအလံအောက် အတူချီတက်

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံက အားကစားသမားတွေဟာ ညီညွတ်ရေး အလံအောက်မှာ ဒီနေ့ အတူချီတက်ခဲ့ကြပါတယ်။ ၂၀၁၈ ပြုံချန်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ခုလို ချီတက်ခဲ့တာပါ။ ဒါဟာ နှစ်နိုင်ငံသမိုင်းမှာ လေးကြိမ်မြောက်လည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံက အားကစားသမား တယောက်စီက ကိုရီးယား ညီညွတ်ရေးအလံကို သယ်ဆောင်ပြီး ညီညွတ်သော ကိုရီးယားကိုယ်စားလှယ်အဖွဲ့က အိုလံပစ် အားကစားရုံဆီကို ဦးဆောင် ချီတက်မှာပါ။ အိုလံပစ်ပွဲအတွင်း အားကစားနည်း ၃ မျိုးမှာ အားကစားသမား ၂၂ ယောက် ပါဝင်ကစားဖို့ မြောက်ကိုရီးယားက အဆိုပြုထားပါတယ်။ ဒါအပြင် မြောက်ကိုရီးယားက အရာရှိ ၂၄ ယောက်နဲ့ မီဒီယာကိုယ်စားလှယ် ၂၁ ယောက်လည်း ပါဝင်တက်ရောက်မှာပါ။ ၁၉၉၀ ပြည့်နှစ်က အာရှ အားကစားပွဲတော်မှာ နှစ်နိုင်ငံ ပူးတွဲအသင်းကို ဖွဲ့နိုင်ခဲ့ရင် သုံးဖို့ အလံသစ်ကို တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံတို့ ၁၉၈၉ ပြည့်နှစ်မှာ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ပူးတွဲအသင်းကို မဖွဲ့နိုင်ခဲ့ပါဘူး။ တောင်ကိုရီးယားရဲ့ နေရောင်ခြည် မူဝါဒခေတ်ဖြစ်တဲ့ ၁၉၉၈ ကနေ ၂၀၀၈ ခုနှစ်ကြားမှာ မြောက်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံက အားကစားသမားတွေဟာ ညီညွတ်ရေးအလံအောက်မှာ အိုလံပစ်ပြိုင်ပွဲ ၃ ပွဲ အပါအဝင် အားကစားပွဲ အကြီးစားအတော်များများကို အတူဆင်နွှဲခဲ့ပါတယ်။ ပြုံချန်း အိုလံပစ်မှာ မြောက်ကိုရီးယား ပါဝင်လာမှုကို တင်းမာမှုတွေ ပြေလျော့လာတဲ့ လက္ခဏာ အဖြစ် ရှုမြင်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up